ALZU® စတီးသည် ၅၅% အလူမီနီယံ-ဇင့် သတ္တုစပ်အလွှာအုပ်ထားပြီး၊ ဆေးအရောင်အုပ်ထားသည့် အဆင့်မြင့်အရည်အသွေးရှိ သတ္တုအလွှာအုပ် အဆင့်မြင့်စတီး ထုတ်ကုန်ဖြစ်သည်။ ALZU® စတီးတွင် AZ70 နဲ့ AZ100 ဟူပြီး အဆင့်မြင့် ကုတ်တင်နှစ်မျိုးရှိသည်။ ထုတ်ကုန်များကို အမိုးမိုးခြင်း၊ နံရံတည်ဆောက်ခြင်းတို့၏ စက်စပ်ပစ္စည်းများ၊ စီးပွားဖြစ်အဖွဲ့အစည်းဆိုင်ရာပရောဂျက်များနှင့် လူနေအိမ်ရာစီမံကိန်းတွေမှာပါ အသုံးပြုနိုင်စေဖို့အတွက် အကောင်းဆုံးအသင့်တော်ဆုံးဖြစ်အောင် ထုတ်လုပ်ထားပါတယ်။

 

ALZU® ထုတ်ကုန်သည် သတ္တုချေးတက်မှုကို ကာကွယ်နိုင်ဖို့နဲ့ အမြင်တင့်တယ်ရန်အတွက် အကောင်းဆုံး အနေအထားရရှိအောင် အလူမီနီယမ်နှင့်ဇင့် သတ္တုစပ်အလွှာအုပ်နည်းစနစ်ကို အသုံးပြုထားပါတယ်။ ALZU® သတ္တုအလွှာအုပ်နည်းစနစ်က အလူမီနီယမ်နှင့်ဇင့်တို့ကို ယှက်နွယ်နေသည့် (ကွန်ရက်သဏ္ဍန်) ဖြစ်ပေါ်စေပါသည်။ ဇင့်ပါဝင်မှုများပြားတဲ့ အပိုင်းတွေက ပထမအဆင့် ကာကွယ်မှုအလွှာဖြစ်ပြီး အောက်ခံစတီးနှင့် အလူမီနီယမ်ပါဝင်မှုများပြားတဲ့အပိုင်းကို ကာအကွယ်ပေးသည့်အပြင် ဒုတိယအဆင့် ကာကွယ်မှုအပိုင်းဖြစ်တဲ့ အလူမီနီယမ် ပါဝင်မှုများတဲ့အပိုင်းကိုပါ အထောက်အကူဖြစ်စေပါတယ်။ ဒီအလွှာနှစ်ခုလုံးက အမိုးနဲ့ နံရံတည်ဆောက်ရေး ထုတ်ကုန်တွေရဲ့ ထူးခြားကောင်းမွန်တဲ့ သတ္တုချေးတက်မှုမှကာကွယ်နိုင်တဲ့စွမ်းရည်တွေကို ပေးစွမ်းနိုင်ဖို့တွက် အတူတကွ လုပ်ဆောင်ကြပါတယ်။

 

 

 


Your Competitive Edge for Success

ကုန်ပစ္စည်းများကို လိုအပ်သည့်အချိန်တိုင်း လွယ်ကူ၊ လျှင်မြန်စွာ ထောက်ပံ့ပေးနိုင်ခြင်း
ကုန်ပစ္စည်းများကို လိုအပ်သည့်အချိန်တိုင်း လွယ်ကူ၊ လျှင်မြန်စွာ ထောက်ပံ့ပေးနိုင်ခြင်း

ပြည်တွင်းတွင်ထုတ်လုပ်ထားသော JFE MERANTI ကုန်ပစ္စည်းများကို ရွေးချယ်ခြင်းဖြင့် မြန်မာနိုင်ငံပတ်ဝန်းကျင်အတွင်း အဆင့်မြင့် အရည်အသွေးရှိ ပရီမီယမ်အဆင့် ၅၅% အလူမီနီယံ-ဇင့် သတ္တုစပ်ကုတ်တင်အုပ်ထားသည့် ကုန်ပစ္စည်းများကို လိုအပ်သည့်အချိန်တိုင်း လွယ်ကူ၊ လျှင်မြန်စွာ ထောက်ပံ့ပေးစေနိုင်မည်ဖြစ်သည်။

ကုန်ပစ္စည်းများကို မှာယူသည့်အချိန်မှစ၍ လျှင်မြန်စွာ ထုတ်လုပ်ပေးနိုင်ခြင်:
ကုန်ပစ္စည်းများကို မှာယူသည့်အချိန်မှစ၍ လျှင်မြန်စွာ ထုတ်လုပ်ပေးနိုင်ခြင်:

ထုတ်ကုန်များကို ပြည်တွင်းတွင် ထောက်ပံ့ပေးသူဖြစ်သည့်အလျောက်၊ မိတ်ဆွေတို့၏ လုပ်ငန်းဆောင်ရွက်မှုအဆင်ပြေစေရေးကို ရှေးရှူကာ သင့်ကုန်ပစ္စည်းအမှာများကို အချိန်တိုအတွင်း ပြုလုပ်ပေးပြီး၊ ပိုမိုကောင်းမွန်သော ဆက်သွယ်မှုများဖြစ်စေသည့်အပြင် ကုန်ပစ္စည်းသယ်ယူတင်ပို့မှုများ အပိုကရိကထများနှင့် ပြဿနာများကို ဖယ်ရှားပေးပါသည်။

အရည်အသွေးစံချိန်တည်မြဲစေခြင်း
အရည်အသွေးစံချိန်တည်မြဲစေခြင်း

စတီးထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းအင်ဂျင်နီယာများ၏ ဆယ်စုနှစ်များစွာအတွေ့အကြုံများဖြင့် သင့်ကုမ္ပဏီအတွက် ပို့ဆောင်လာသော JMM ကုန်ပစ္စည်းများသည် တိကျမှန်ကန်သော အရည်အသွေးရှိကြောင်း ယုံကြည်နိုင်ပါသည်။ JMM ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် စိတ်ချရမှုသည် သင့်အား အလေအလွင့် ဆုံးရှုံးမှုများကို လျှော့ချပေးပြီး လုပ်ငန်းမြန်ဆန်စွာပြီးစီးကာ တိုးတက်နေသော ဈေးကွက်တွင် လုပ်ငန်းနာမည်ကောင်းကို ထိန်းသိမ်းထားနိုင်စေသည်။

အရည်အသွေး အာမခံချက် အမျိုးမျိုးပေးနိုင်ခြင်း
အရည်အသွေး အာမခံချက် အမျိုးမျိုးပေးနိုင်ခြင်း

ကျွန်ုပ်တို့သည် မိတ်တွေတို့နှင့် မိတ်ဆွေတို့၏ သုံးစွဲသူများကို ကုန်ပစ္စည်း၏ စိတ်ချယုံကြည်ရမှု အရည်အသွေးကို အာမခံချက်ပေးပါသည်။ ကျွန်ုပ်တို့၏ ALZU 7 နှင့် ALZU 10 စတီးများသည် ဆေးရောင်အရည်အသွေးနှင့် သံချေးဒဏ်ခံနိုင်မှုကို အပြည့်အဝအာမခံပေးထားပြီး အရှေ့တောင်အာရှဝန်းကျင် ရာသီဥတုအတွက် စမ်းသပ်စစ်ဆေးထားပြီးဖြစ်ပါသည်။

  

ကုန်ပစ္စည်းအရေအတွက် လက်လီလက်ကား အနည်းဆုံးမှာယူနိုင်ခြင်း
ကုန်ပစ္စည်းအရေအတွက် လက်လီလက်ကား အနည်းဆုံးမှာယူနိုင်ခြင်း

ဈေးကွက်အပြာင်းအလဲများနှင့် ပြည်တွင်းဈေးကွက်ကို သေချာစွာ နားလည်ထားသည့်အလျောက် JMM ကုန်ပစ္စည်းများကို လက်လီလက်ကား အနည်းဆုံးမှာယူနိုင်မည်ဖြစ်ပါသည်။ ဤသို့အားဖြင့် မိတ်ဆွေတို့၏လုပ်ငန်းအတွက် သိုလှောင်မှုနည်းပါးပြီး လုပ်ငန်းကုန်ကျစရိတ်ကိုလျော့ချပေးကာ ပြိုင်ဘက်များကိုထက် သာလွန်သောအရှိန်ဖြင့် ယနေ့ခေတ်၏ မြန်ဆန်စွာပြောင်းလဲနေသော ဈေးကွက်တွင် သင့်အား အင်အားကြီးမားလာစေမည်ဖြစ်သည်။

အကောင်းဆုံး နည်းပညာဆိုင်ရာ ထောက်ပံ့မှုပေးနိုင်ခြင်း
အကောင်းဆုံး နည်းပညာဆိုင်ရာ ထောက်ပံ့မှုပေးနိုင်ခြင်း

သင့်လုပ်ငန်း၏ ရေရှည်လိုအပ်ချက်များကို သေချာစွာဂရုစိုက်ပေးနိုင်ရန် နိုင်ငံတကာ စက်ရုံဗဟုသုတများဖြင့်ပြည့်စုံသည့် ကျွန်ုပ်တို့၏ သုံးစွဲသူဗဟိုပြု ဝန်ဆောင်မှု အဖွဲ့ကို စိတ်ချယုံကြည်စွာဖြင့် အပ်နှံထားလိုက်ပါ။ ကျွန်ုပ်တို့၏ မြန်ဆန်ကောင်းမွန်သော နည်းပညာအထောက်အပံ့မှု သင့်အား လုပ်ငန်းအောင်မြင်ရန်လိုအပ်သည့် နည်းပညာအချက်အလက်များ၊ လုပ်ဆောင်ချက်များနှင့် အသေးစိတ်အချက်လက်များကို ပံ့ပိုးပေးစေနိုင်မည်ဖြစ်သည်။

Have a question on ALZU products? Contact us now!