Events

JFE MERANTI MYANMAR မှ သန်လျင် ဒီ‌‌ရေတောဧရိယာအတွင်း ဒီ‌‌ရေတောစိုက်ပျိုးရေး လုပ်ငန်းစဉ်အား အောင်မြင်စွာ စိုက်ပျိုးပြီးစီးခြင်း

July 29, 2020

ရန်ကုန်၊ မြန်မာ – JFE MERANTI မှ မြန်မာနိုင်ငံသစ်တောဦးစီး ဌာန နှင့် မုတ္တမ အဖွဲ့အစည်းတို့ ပူးပေါင်း ၍ သန်လျင်ဒီရေတော ၁၀ ဧရိယာ အတွင်း သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းစဥ် များကို ဂျူလိုင်လ ၂၈ ရက်၊၂၀၂၀ (အင်္ဂါနေ့) တွင် အောင်မြင်စွာ ပြုလုပ်ခဲ့ ကြောင်း ယနေ့ ရက်စွဲဖြင့် ကြေငြာခဲ့ပါသည်၊၊ ထို့အပြင်  JFE Meranti Myanmar မှ  သစ်တော ဦး စီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့် ရွာသူရွာသားများကို မြန်မာနိုင်ငံကျန်းမာရေးအဖွဲ့၏ physical distancing စည်းကမ်းများနှင့်အညီ လိုအပ်သည်များကို ပေးအပ်လှူဒါန်းခဲ့ပါသည်၊၊

JFE MERANTI ၏ CEO နှင့် မန်နေးဂျင်းဒါရိုက်တာ Dr. Sebastian Langendorf မှ သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းစဉ် ၏အရေးပါပုံကို ဤသို့ရှင်းပြခဲ့သည် -“ JFE MERANTI ၏အဓိကတန်ဖိုးတစ်ခုမှာ Partnership ဖြစ်ပါတယ်။ Partnership သည် ကျွန်ုပ်တို့ နေထိုင်ပြီးအလုပ်လုပ်ကိုင်သော လူမှုအသိုင်းအဝိုင်းနှင့်ပတ်ဝန်းကျင် အတွက် သက်ဆိုင်သောအရာ ဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းနှင့်ပတ်ဝန်းကျင် သည် JFE MERANTI ၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အခွင့်အလမ်းရတိုင်း ပတ်ဝန်းကျင်နှင့်လူမှုအသိုင်းအဝိုင်းအား ၀မ်းမြောက်စွာ ပြန်လည်ပေးဆပ်ရန် အသင့်ရှိပါတယ်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့စတင်ရောက်ရှိချိန် မှစ၍ ကျွန်တော်တို့ အနေနဲ့ ပတ်ဝန်းကျင် ကာကွယ် ရေးအတွက် စဥ်ဆက်မပြတ် အားထုတ် ကြိုးပမ်းမှုများကို ပြုလုပ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ပြောရရင် ကျွန်တော်တို့ စက်ရုံကို ခေတ်မီစွန့်ပစ်ရေသန့် သောစနစ် ဖြင့် လည်ပတ်နေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ကမ္ဘာ့အဆင့်မီ အပူပြန်လည် လည်ပတ်စေသောစနစ်ကို အသုံးပြု ခြင်းအားဖြင့် ကာဗွန်ပါ၀င်မှုကိုလျှော့ချထား ပါတယ်။ ယနေ့ သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းစဉ်မှာ ကျွန်တော်တို့ စက်ရုံ၀န်းကျင် ရှိ လူမှုအသိုင်းအ၀ိုင်းနှင့် ဆက်ဆံရေးခိုင်မာစေရန်အတွက် နောက်ထပ်အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်ပြီး  သစ်တောဦးစီးဌာနနှင့် မုတ္တမ အဖွဲ့တို့၏ပံ့ပိုးမှုအတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။“

ထိုနေ့တွင် JFE Meranti Myanmar အဖွဲ့သည် အစိုးရအရာရှိများနှင့်ဒေသခံများရှေ့တွင်အလှူငွေပေးအပ်ခြင်း အခမ်းအနားအစီအစဉ်ကို စတင်ရန် နံနက်စောစောအချိန်တွင် စက်ရုံမှ သံတဲကျေးရွာ၊ ကျောက်တန်းမြို့နယ်သို့ ထွက်ခွာခဲ့ပါသည်။ ထို့နောက် အဖွဲ့သည် ဒီရေတော ၁၀ ဧရိယာ အတွင်း ဒီရေတော ပျိုးပင် ပေါင်း ၂၅၀၀ ကိုစိုက်ပျိုးခဲ့သည်။

ဦးသန်းလွင် (တောအုပ်ကြီး၊ သစ်တောဦးစီးဌာန သန်လျင်) မှ “ဒီရေတောတွေက ကျွန်တော်တို့ ပင်လယ်ကမ်းစပ်နေ လူမှူပတ်၀န်းကျင်အတွက် တကယ်အရေးပါပါတယ်။ ဒီ‌ရေတောပင်တွေက မုန်တိုင်းဒဏ်ကနေ ကာကွယ်ပေးပြီး ပင်လယ်ကမ်းစပ်နေ လူတွေရဲ့ အဓိက အစားအသောက်နဲ့ စီးပွားရေးဖြစ်တဲ့ ရေနေသတ္တ၀ါတွေကိုလည်း တိုးပွားစေပါတယ်။ ဒါ‌‌ကြောင့် ဒေသခံတွေအနေနဲ့လည်း ဒီသစ်တောကြီးကို ထိန်းသိမ်းစောင့်လျှောက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ နောက်နောင်လည်း ခု JFE METRANTI ကပူပေါင်းဆောင်ရွက်ပေးတဲ့ အလှူမျိုး၊ လှုပ်ရှားမှုမျိုးတွေကို ဖိတ်ခေါ်ပါတယ်။ “ဟု အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွုန်ကြား‌ရေးမှူး ဦးထွန်း၀င်းလတ်မှ ‌‌ဒေသအတွင်း တိုးတက်ဖွံ့ဖြိုးလာနိုင်သော အလားအလာများကို ထပ်လောင်းပြောကြားပြီး ‌ဒီရေတောပျိုးပင်များကို စိုက်ပျိုးရာတွင် ‌ရေလှိုင်းများနှင့်မျောပါသွားခြင်းမရှိစေရန် စနစ်တကျစိုက်ပျိုးနည်းကို လက်တွေ့ရှင်းပြခဲ့သည်။

 

WWF ၏အဆိုအရ ဒီရေတောများသည် ဂေဟစနစ်ကို အလွန်အကျိုးဖြစ်ထွန်းစေပြီး အဏ္ဏဝါ ပတ်၀န်းကျင်နှင့် လူသား များအတွက် မြောက်မြားစွာသော ကောင်းကျိုးများပေးစွမ်းနိုင်သည်၊၊ ဒီရေတောများ  ၏ သိပ်သည်း ရှုပ်ထွေးသော အမြစ် ဖွဲ့စည်းပုံများက မြစ်များကိုစီးဆင်းစေကာ ကုန်းမြေတစ်လျှောက် နှုံးများကို အနည်ထိုင်စေပြီး ကမ်းရိုးတန်းမြေကို တည်ငြိမ်အောင် ကူညီပေးခြင်းဖြင့် လှိုင်းလေထန်ခြင်း၊ မုန်တိုင်းများ၊ ရေကြီးမှုများနှင့် တိုက်စားမှုဒဏ်များမှ ကာကွယ်ပေးပါသည်။ အနည်များကိုစစ်ထုတ်ခြင်းအားဖြင့် သစ်တောများသည်သန္တာကျောက်တန်းများကို ကာကွယ်ပေးခြင်း၊ မြစ်အနီးချိုင့် ၀ှမ်းများမှ ရေမှော်များကို ထိန်းသိမ်းပေးခြင်း နှင့် ရေ၏ အရည်အသွေး ကြည်လင် သန့်ရှင်းမှုတို့ကို ထိန်းသိမ်းပေးနိုင်ပါသည်၊၊ ဒီရေတောများသည် များစွာသော အဏ္ဏဝါမျိုးစိပ်များအတွက် နေထိုင်ရာ အိမ်ဖြစ် ပြီး   ထောင်ပေါင်းများစွာသော ကမ်းရိုးတန်းဒေသများ နှင့် မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များ အတွက် စားနပ်ရိက္ခာ ကိုထောက်ပံ့ပေးသည်။ ဒီရေတောများမရှိလျှင် ရေ၌ အနီရောင်ဒီရေရေညှိများ ပေါက်ဖွားလာနိုင်ခြင်းက အဏ္ဏဝါမျိုးစိပ်များစွာ ကို သေဆုံး‌စေနိုင်ပြီး  ပင်လယ်ရေကြောင်းကိုပျက်စီးစေကာ ကမ်းခြေများကို ပိတ်လိုက်ရသည်အထိ ဖြစ်စေနိုင်ပါသည်၊၊ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဒီရေတောများသည် လူ့အဖွဲ့အစည်းနှင့်ပတ်၀န်းကျင်ကို များစွာအကျိုးဖြစ်ထွန်းစေမှုကြောင့် JFE MERANTI Myanmar မှ ဒီရေတောဧရိယာများအား ထိန်းသိမ်း၍ စိုက်ပျိုးရန်  အသိပညာပေးခြင်း လုပ်ငန်းစဥ်များကို အထူးသဖြင့် သန်လျင်ကဲ့သို့သော မြို့ပြဧရိယာနှင့်စက်မှုဇုန်နှင့် နီးသောနေရာများတွင် ပါ ၀င် လုပ်ဆောင် သွားမည်ဖြစ်သည်။

 

JFE MERANTI အကြောင်း

JFE MERANTI Myanmar (JMM) သည် JFE Steel, Meranti Steel, JFE Shoji, Marubeni-Itochu Steel နှင့် Hanwa တို့၏ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်သည်။ ဤနိုင်ငံတကာ company များသည် ရန်ကုန်၊ သီလဝါအထူးစီးပွားရေးဇုန်၊ ဇုန်(B) တွင်တည်ရှိသောကမ္ဘာ့အဆင့်မီသတ္တုအလွှာအုပ် လိုင်း နှင့် ဆေးအလွှာအုပ်လိုင်း စက်ရုံကို တည်ဆောက်လည်ပတ်ရန်အတွက် အသိပညာအတတ်ပညာ အရင်းအမြစ်များမျှဝေခဲ့ကြသည်။


No. Description Document Type Period

JFE MERANTI MYANMAR မှ သန်လျင် ဒီ‌‌ရေတောဧရိယာအတွင်း ဒီ‌‌ရေတောစိုက်ပျိုးရေး လုပ်ငန်းစဉ်အား အောင်မြင်စွာ စိုက်ပျိုးပြီးစီးခြင်း