ကမ္ဘာ့အဆင့်မီ  သတ္တုအလွှာအုပ် စတီးထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိသည့် JFE MYANMAR Coated Steel Co., Ltd အနေဖြင့် Pre-Painted Coated Steel ထုတ်လုပ်မှုလုပ်ငန်းအတွက်  ISO 9001:2015 Quality Management System (QMS) လက်မှတ်ကို အောင်မြင်စွာ ရရှိခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။

ISO 9001:2015  လက်မှတ်ကို Bureau Veritas (Thailand) မှ ပေးအပ်ခဲ့တာဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ အရည်အသွေးစံနှုန်းများ သတ်မှတ်သည့် UKAS မှလည်း အသိအမှတ်ပြုထားပါသည်။

ယခုကဲ့သို့ ISO 9001:2015 လက်မှတ်သည် JFE MYANMAR Coated Steel

  • ထုတ်ကုန်အရည်အသွေးမြင့်မားမှု
  • စနစ်တကျရှိသော ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့်
  • ဖောက်သည်များ၏ စိတ်ကျေနပ်မှု

တို့အပေါ် ကြိုးပမ်းဆောင်ရွက်မှုများကို ပြသသော သက်သေတစ်ခုလည်းဖြစ်ပါသည်။

JFE MYANMAR Coated Steel Co., LtdISO 9001:2015 အသိအမှတ်ပြုလက်မှတ်ရရှိရေး ကြိုးပမ်းမှုတွင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့သူများ၊ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးခဲ့သူများနှင့် တစ်သားတည်းအတူ လက်တွဲလုပ်ဆောင်ရွက်ခဲ့ကြသော JFE MYANAMR Coated Steel ၏ ဝန်ထမ်းအဖွဲ့သားများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။