
JFE MYANMAR Coated Steel’s CEO Mr. Kenji Tsuchiya
JFE MYANMAR Coated Steel သည် ၂၀၁၇ မှစတင်၍ မြန်မာ့ ဆောက်လုပ်ရေးလောကတွင် အရည်အသွေးမြင့် အလွှာအုပ်စတီး များကို ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိပါသည်။
ခေါတ်မှီဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတွင် စတီးသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ အမြဲပါဝင်ပါသည်။
ကျွန်ုပ်တို့၏ အဓိကပန်းတိုင်မှာ
“Customer များ ဝန်ထမ်းများ Partner များ နှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍကို အရည်အသွေးမြင့်အလွှာအုပ်စတီးများအားထုတ်လုပ်ကာ မြန်မာနိုင်ငံ၏ အနာဂါတ်အား ဝိုင်းဝန်းတည်ဆောက်ရန်” ဖြစ်ပါသည်။
အဓိကပန်းတိုင်ရောက်ရှိရေးတွင် ကျွန်ုပ်တို့သည် အဆင့်အတန်းမြင့်သော အလွှာအုပ်စတီးများကို ထုတ်လုပ်ဖြန့်ဖြူးရုံသာမက စိတ်ချယုံကြည်ရသော ပို့ဆောင်မှု၊ ဂရုတစိုက်ဝန်ဆောင်မှု နှင့် တာဝန်ယူမှုတာဝန်ခံမှုရှိသော After Sales တို့ဖြင့် ဝန်ဆောင်မှုပေးရန်ရည်ရွယ်ပါသည်။
Stakeholder များနှင့် ခိုင်မာရှည်ကြာသော ဆက်နွယ်မှုများဖြင့် အကောင်းဆုံးသော ထုတ်ကုန်နှင့် အကောင်းဆုံးသော ဝန်ဆောင်မှုများနှင့်အတူမြန်မာနိုင်ငံ၏အနာဂါတ်ကို အထောက်အကူပြု ပံ့ပိုးသွားမည်ဖြစ်သည်။
ကျွန်ုပ်တို့မှ သင်တို့၏စဉ်ဆက်မပြတ်ယုံကြည်မှုနှင့် ပူးပေါင်းမှုအား လေးစားစွာကျေးဇူးတင် ရှိပါသည်။
Kenji Tsuchiya
CEO
JFE MYANMAR Coated Steel