News & Press Release
Events

JFE MERANTI နှင့် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးနှင့် အဆောက်အဦးကဏ္ဍတွင် ဦးဆောင်လျက်ရှိသော အဖွဲ့အစည်းများမှ ပူးပေါင်း၍ မြို့တော်သာယာလှပရေးနှင့် ရေရှည်တည်တံ့သောအဆောက်အဦးများ ဟောပြောပွဲကို အောင်မြင်စွာ ကျင်းပ

March 3, 2020

ရန်ကုန်၊ မြန်မာ – မြန်မာနိုင်ငံ၏ပထမဦးဆုံးသော ပြည်တွင်းဖြစ် အဆင့်မြင့်အရည်အသွေးရှိ အလွှာအုပ်စတီးကုမ္ပဏီ ဖြစ်သည့် JFE MERANTI မှ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံဗိသုကာအသင်းနှင့်၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းတို့ ပူပေါင်းပါဝင်ဆောင်ရွက်ထားပါသည့် မြို့တော်သာယာလှပရေးနှင့် ရေရှည်တည်တံ့သောအဆောက်အဦးများ ခေါင်းစဉ်ဖြင့် ဟောပြောပွဲ အခမ်းအနားကို အောင်မြင်စွာ ကြီးမှုးစီစဉ် နိုင်ခဲ့‌ကြောင်း ယနေ့ရက်စွဲဖြင့် ကြော်ငြာခဲ့ပါသည်။

 

ယခု အခမ်းအနားကို မတ်လ ၃ရက်နေ့ ဖေဖော်ရီလ ၂၀၂၀ ခုနှစ်တွင်  Chatrium Hotel ရန်ကုန်မြို့တွင် ပြုလုပ်ကျင်းပ ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဌာနမှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ကြီးဦးမောင်မောင်စိုးတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးဌာန နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အရာရှိများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံဗိသုကာအသင်းနှင့်၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း၊ မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တို့မှ ဥက္ကဌ၊ ဒုတိယ ဥက္ကဌ များနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တို့မှ တက်ရောက်ချီး‌မြှောက် ခဲ့ကြပါတယ်၊၊

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးချုပ်ဦးဟန်ဇော် မှ ယခု အခမ်းအနားတွင် မြန်မာနိုင်ငံရှိ အဆောက်အဦးများ၏ ရေရှည်တည်တံ့မှု မှာ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပုံကို ယခုလိုပြောကြားခဲ့ပါတယ် – “ အခုချိန်မှာ ကျွန်တော်တို့  တိုင်းပြည်က အရှိန်အဟုန်နဲ့ တိုးတက်နေတာကြောင့် လက်ရှိမှာ စီးပွားရေး၊ လူနေမှုအဆင့်အတန်းနှင့်အဆောက်အအုံများကလည်း တစ်ချိန်တည်းမှာ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတာကိုတွေ့ရပါတယ်။  အဆောက်အဦးအရေအတွက်တိုးများလာနဲ့အမျှကျွန်တော်တို့အနေနဲ့ဆောက်လုပ်ရေးနှင့်အဆောက်အဦးရေရှည်တည်တံ့ခိုင်မြဲ ခြင်း ဆိုတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို မေ့ထားလို့မရပါဘူး။ ”

 

ထို့အပြင် ဝန်ကြီးဦးဟန်ဇော် မှ “ အစိုးရအနေနဲ့တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်မြှင့်လုပ်ဆောင်ချိန်မှာ ယခုလို အခမ်းအနားကို JFE MERANTI ကုမ္ပဏီ အနေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံဗိသုကာအသင်းနှင့်၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းတို့ ပူပေါင်းဆောင်ရွက်ထားတာကို မြင်တွေ့ရတာ ဂုဏ်ယူဝမ်းမြောက် မိပါတယ်၊၊” ဟုပြောကြားခဲ့သည်။

 

JFE MERANTI မှ မြို့တော်သာယာလှပရေးနှင့် ရေရှည်တည်တံ့သောအဆောက်အဦးများ ဟောပြောပွဲကို ပြုလုပ်ခြင်းအားဖြင့်အဆောက်အအုံနှင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင်ရေရှည်တည်တံ့ခိုင်မြဲသော ဆောက်လုပ်ရေးပစ္စည်းများ ၏အရေးကြီးပုံ ကိုသိရှိနားလည်ရန်နှင့်ဗဟုသုတများတိုး ပွားစေရန်ရည်ရွယ်ပါသည်။

 

JFE MERANTI မှ CEO နှင့် Managing Director ဖြစ်သူ Dr. Sebastian Langendorf က “ကျွန်တော်တို့ JFE MERANTI မှ တစ်ကမ္ဘာ့လုံးဆိုင်ရာမှာ တွင်ကျယ်စွာ အသုံးပြုနေတဲ့ လမ်းကြောင်းသစ်တစ်ခုဖြစ်သော ရေရှည်တည်တံ့သောအဆောက်အအုံများတည်ဆောက်ရေးက မြန်မာနိုင်ငံတွင်လည်း အစပြုနေပြီလို့ ယုံကြည်ထားပြီး ကျွန်တော်တို့ရဲ့ ဦးတည်ရာလမ်းကြောင်းရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်လည်း ပါဝင်လျက်ရှိပါတယ်၊၊ လွန်ခဲ့သော ၁၅-၂၀ နှစ်များကတည်းက လူသားများက နည်းပညာတိုးတက်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီး  virtual world လို့ခေါ်တဲ့ လူမှုကွန်ရက်ကမ္ဘာ့ကြီးကို ပေါ်ပေါက်လာတဲ့အထိ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့  လက်တွေ့ကမ္ဘာကြီးဟာ ဒီထက်ပိုတိုးတက်မလာသေးပါဘူး၊၊ ဈေးပေါတဲ့ အဆောက်အဦးများနှင့် ဈေးပေါတဲ့ ဆောက်လုပ်ရေး ပစ္စည်းများတွေက ရေရှည်မှာ ကမ္ဘာကြီးကို လွှမ်းမိုးလာခဲ့ပါတယ်၊၊ ပတ်ဝန်းကျင်ပြောင်းလဲလာမှုတွေ ပိုမိုဖြစ်ပေါ်လာတာနှင့်အမျှ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုကိုစတင်တွေ့မြင်လာရပါတယ်၊၊ဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲရေးဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာပိုပြီးအရေးကြီးလာကိုတွေ့ရပါတယ်။ ”

 

ဆက်လက်ပြီး CEO မှ ရေရှည်တည်တံ့ခိုင်မြဲသောအဆောက်အ ဦး များတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဥပမာများပေးခဲ့သည်မှာ – “ ပထမဦးစွာ ရေရှည်တည်တံ့ခိုင်မြဲသောအဆောက်အအုံများသည် အမြဲပိုမိုသဟဇာတ ဖြစ်စေပါတယ်၊၊ ဆေးအရောင်အုပ်ထားတဲ့  စတီးခေါင်မိုးတွေကိုပဲကြည့်ပါ၊၊ မြန်မာနိုင်ငံမှာ လူများက မိုးရေကို စုဆောင်းတတ်ကြပါတယ်၊၊ သို့သော်ယနေ့အထိ ဆေးအရောင်အုပ်ထားတဲ့  steel ခေါင်မိုးအများစုမှာ ခဲသတ္တုများပါ ဝင်ပြီး ကျန်းမာရေးအတွက်အန္တရာယ်ရှိပါတယ်၊၊ ကျွန်တော်တို့ JFE MERANTI မှ သုတ်ဆေးအားလုံးဟာ ခဲပါဝင်မှုလုံးဝမရှိတာကြောင့် စိတ်ချလုံခြုံစွာ မိုးရေစုဆောင်းနိုင်ပါ တယ်၊၊ ဒုတိယအနေနဲ့ ရေရှည်တည်တံ့သောအဆောက်အအုံများသည်ပိုမို လုံခြုံမှုပေးစွမ်းနိုင်ပါ  တယ်၊၊ ဥပမာအားဖြင့်၊ လိုအပ်သောစံချိန်စံညွှန်း အထူရှိတဲ့ steel တွေ အနေဖြင့်ငလျင်နှင့်ဆိုင်ကလုန်းများအတွက် သိသာသာပိုမိုပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တာ တွေ့ရပါတယ်၊၊ တတိယအနေနဲ့ ပြောချင်တာကတော့ ရေရှည်တည်တံ့သောအဆောက်အအုံများက ပိုမိုကောင်းမွန်ပြီးကြာရှည်ခံပါတယ်၊၊ တစ်နှစ်လျှင်တစ်နှစ်ပြင်ဆင်ရမှုကုန်ကျစရိတ်အရတွက်ကြည့်လိုက်ပါကလည်း ရေရှည်တည်တံ့သောဆောက်လုပ်ရေးပစ္စည်းများသည် ပုံမှန်အဆောက်အအုံများ ထက် ပိုပြီးဈေးသက်သာမှု ရှိတာကို တွေ့ရမှာပါ” ဟု ပြောကြားခဲ့ပါတယ်။

 

၂၀၂၀ ဖေဖော်ဝါရီလတွင် ဆေးအ‌ရောင်အုပ်လိုင်းထုတ်လုပ်မှုစတင်ခြင်းနှင့်အတူ JFE MERANTI သည် အရည်အသွေးမြင့်မားရုံသာမက သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သော ပထမဦး ဆုံးထုတ်ကုန်အဖြစ် ALZU မှတစ်ဆင့်ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးမှုဖြင့် မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးနှင့်ဆောက်လုပ်ရေးလုပ်ငန်းကကဏ္ဍကိုအကျိုးသက်ရောက်ရန်မျှော်လင့်ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဌာနမှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း မှလည်း ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်မှုတွင်အဓိကအခန်းကဏ္ဍ အရေးပါသောနယ်ပယ်များကို ယခုလိုပြောကြားခဲ့ပါတယ် – “ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍကိုဆောင်ရွက်တဲ့နေရာမှာလည်း အစိမ်းရောင်ပတ်၀န်းကျင် ရရှိနိုင်ရန်ကိုဦးစားပေး ဆောင်ရွက်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ဖိတ်ခေါ်ဆောင်ရွက်တဲ့နေရာမှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုမရှိအောင် ကျွန်တော်တို့ ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ နေထိုင်နိုင်ဖို့အတွက် အိမ်ယာတွေကိုတည်ဆောက်တဲ့နေရာအခါများများထုတ်လုပ်တဲ့အပိုင်းမှာ  အသုံးပြုရမယ့်နည်းပညာတစ်ရပ်ပေါ်ထွန်းလာသလိုပဲ တစ်ဖက်က Steel Structure နဲ့တည်ဆောက်တဲ့ လုပ်ငန်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေဖို့ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တွေရှိဖို့လိုအပ်ပါတယ်။ပြည်သူတွေရဲ့ ယုံကြည်စိတ်ချနိုင်မှုရဖို့လိုပါတယ်။ Steel Structure နဲ့ဆောက်တဲ့ အဆောက်အဦးတွေရဲ့ ခိုင်ခံ့မှု၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်နိုင်မှု၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှု့ပေးနိုင်မှု၊ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ရတဲ့ အချိန်တွေမှာလည်း အကောင်းဆုံးဆောင်ရွက်ပေးတယ်ဆိုတဲ့အခြေအနေဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးကြမှသာလျှင် ပြည်သူလူထုကြားမှာ ယုံကြည်စိတ်ချမှုဖြစ်စေနိုင်မှာဖြစ်ပါတယ်။”

 

အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့မည့်အနာဂတ် မည်သို့တည်ဆောက်နိုင်မည်ကို – “ ရေရှည်တည်တံ့ခိုင်မြဲခြင်း စတီးဖြင့်တည်ဆောက်ခြင်း ၏အကျိုးကျေးဇူးများ၊ အစိမ်းရောင်အဆောက်အဦးများမှ တဆင့်ရေရှည်တည်တံ့ခိုင်မြဲမှုရရှိခြင်း နှင့်  ရေရှည်တည်တံ့သောအနာဂတ်အတွက် မြန်မာနိုင်ငံ အနာဂတ်အတွက် steel စံချိန်စံညွှန်းများဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်များအောက်တွင်  အသိပညာဗဟုသုတများပေးခဲ့သည်။ ယခုလို မြို့တော်သာယာလှပရေးနှင့် ရေရှည်တည်တံ့သောအဆောက်အဦးများ ဟောပြောပွဲကို ရန်ကုန်တွင် JFE MERANTI မှ ပထမဆုံးစီစဉ်ခြင်းဖြစ်ပြီး JFE MERANTI မှ မန္တလေးအပါအ၀င်  တစ်ခြားသော တိုင်း‌‌‌‌ဒေသများတွင် ယခုလို အဆင့်မြင့်ပွဲများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။

 

JFE MERANTI အကြောင်း

JFE MERANTI Myanmar (JMM) သည် JFE Steel၊ Meranti Steel၊ JFE Shoji၊ Marubeni-Itochu Steel နှင့် Hanwa တို့၏ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်သည်။ ဤနိုင်ငံတကာ company များသည် ရန်ကုန်၊ သီလဝါအထူးစီးပွားရေးဇုန်၊ ဇုန်(B) တွင်တည်ရှိသောကမ္ဘာ့အဆင့်မီသတ္တုအလွှာအုပ် လိုင်း နှင့် ဆေးအလွှာအုပ်လိုင်း စက်ရုံကို တည်ဆောက်လည်ပတ်ရန်အတွက် အသိပညာအတတ်ပညာ အရင်းအမြစ်များမျှဝေခဲ့ကြသည်။