Login

ကျွန်ုပ်တို့၏ ရည်မှန်းချက်

အနာဂတ်မြန်မာနိုင်ငံကြီးအား တည်ဆောက်ရန် ဆောက်လုပ်ရေးနှင့်အဆောက်အအုံကဏ္ဍအတွက် အရည်အသွေးမြင့် သတ္တုအလွှာအုပ်စတီးများကို ကျွန်ုပ်တို့၏ဖောက်သည်များ၊ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့်အတူ JFE Meranti Myanmar ကပံ့ပိုးပေးသွားမည်ဖြစ်သည်။

အဓိက တန်ဖိုးထားမှုများ

ကျွန်ုပ်တို့၏ ဝယ်ယူအားပေးသူများ၊ အဖွဲ့ဝင်များ၊ စီးပွားဖက်များနှင့် မည်သို့အပြန်အလှန် တုန့်ပြန်မှု၊ မည်သို့လုပ်ငန်း လည်ပတ်မှုများက ကျွန်ုပ်တို့တန်ဖိုးထားသည့် အရာများအတွက် လမ်းပြနေသည့်မူများ ဖြစ်ကြသည်။ အဆိုပါအရာများက ကျွန်ုပ်တို့ကို ပန်းတိုင်သို့ ဆက်သွယ်ပေးပြီး ကျွနု်ပ်တို့၏ ကိုယ်ပိုင်လက္ခဏာကို ဖော်ညွှန်း ပေးသလို ကျွန်ုပ်တို့ အဖွဲ့အစည်း၏ ဓလေ့ကို ပုံဖော်ပေးကာ ကျွန်ုပ်တို့ တာဝန်ယူလုပ်ဆောင်လာအောင် နှိုးဆွပေးနေသည်။ ထို့အတူပင် ဆုံးဖြတ်ချက်များ ချမှတ်မှုတွင်လည်း အဓိကတန်ဖိုးထားမှုများက လွှမ်းမိုးနေသည်။ ထိုသို့ အဓိကတန်ဖိုး ထားမှုများက JFE Meranti Myanmar ၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။

အရည်အသွေးစံချိန်တည်မြဲစေခြင်း

အရည်အသွေးစံချိန်တည်မြဲစေခြင်းသည် JFE Meranti အမှတ်တံဆိပ်၏ အဓိက ကျသည့် အရာတစ်ခုဖြစ်သည်။ သတ္တုအလွှာအုပ်စတီးနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့အဖွဲ့၏ များစွာသော အတွေ့အကြုံကောင်းများနှင့် ကျွမ်းကျင်မှုများကြောင့် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ဖောက်သည်များထံ အစဉ်တစိုက် ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည်။

တီထွင်ဆန်းသစ်မှုအမြင်ရှိခြင်း

ကျွနု်ပ်တို့အဖွဲ့တွင် ပါဝင်သူတစ်ဦးချင်းမှာ သတ္တုအလွှာအုပ်စတီးနှင့်ပတ်သက်ပြီး စိတ်ပြင်းပြသူများ ဖြစ်ကြသည်။ ထိုစိတ်ပြင်းပြမှုနှင့် ပေါင်းစပ်ကာ တီထွင်ဖန်တီးနိုင်ရေးအတွက် ကျွနု်ပ်တို့အစဉ်အမြဲ ကြိုးပမ်းနေသည်။ ဝယ်ယူအားပေးသူများအတွက် ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာအောင် လည်း ဆောင်ရွက်နေသည်။

တုန့်ပြန်ဖြေကြားမှုမြန်ဆန်ခြင်း

ဝယ်ယူအားပေးသူများထံအလျှင်အမြန် တုံ့ပြန်နိုင်ခြင်းသည် ကျွန်ုပ်တို့စီးပွားရေး ဆောင်ရွက်သည့်ပုံစံ၌ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဖောက်သည်များ၏ မေးမြန်းမှုကို အလျှင်မြန်ဆုံး တုံ့ပြန်ဖြေကြားပြီး ကြံ့ကြာနေသောကိစ္စများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားသည်။

ယုံကြည်စိတ်ချနိုင်ခြင်း

ယုံကြည်စိတ်ချနိုင်ခြင်းသည် JFE Meranti အမှတ်တံဆိပ်တွင် အဓိက ကျသည့်အရာဖြစ်သည်။ ကုမ္ပဏီအား တည်ထောင်ခဲ့ကြသူများသည် စတီးလုပ်ငန်းကဏ္ဍတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ကြသူများ ဖြစ်ကြသည်။ စတီးလုပ်ငန်းတွင် ကျွန်ုပ်တို့ ၏ရိုးသားဖြောင့်မတ်မှုနှင့် အားကိုးအားထားပြုနိုင်မှုများကြောင့် ဝယ်ယူအားပေးသူများအနေဖြင့် JFE Meranti အပေါ်အပြည့်အဝ ယုံကြည်စိတ်ချနိုင်ကြမည်ဖြစ်သည်။

အန္တရာယ်ကင်းရှင်းမှုရှိစေခြင်း

ဖောက်သည်များ၊ ဝန်ထမ်းများနှင့် စီးပွားဖက်များ၏ အသက်မွေး ဝမ်းကျောင်းနှင့် လုံခြုံမှုကို ကျွန်ုပ်တို့ တန်ဖိုးထားပါသည်။ ထို့ကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင်လည်း လုံခြုံမှုကို ထည့်သွင်းထားသည်။

လုပ်ငန်းလက်တွဲလုပ်ဆောင်လိုခြင်း

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ ဒေသခံစီးပွားရေးလုပ်ငန်းဖြစ်ပြီး၊ အခြားသော ဒေသခံစီးပွားရေး လုပ်ငန်းများနှင့်အတူ ခိုင်မာသည့် ဒေသခံမိတ်ဖက်ကွန်ရက်ကို တည်ထောင်လိုပါသည်။ ကျွနု်ပ်တို့၏ ရည်မှန်းချက်မှာ ဝယ်ယူအားပေးသူများ၊ စီးပွားဖက်များနှင့်အတူ ရေရှည်မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ရန်ဖြစ်သည်။

ကျွန်ုပ်တို့၏ မှတ်တမ်း

ကျွနု်ပ်တို့ကုမ္ပဏီက မြန်မာနိုင်ငံ တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ပိုမိုကောင်းမွန်သည့် ဆောက်လုပ်ရေးပစ္စည်း များ လိုအပ်လာသည်ကို သတိပြုမိထားသည်။ တိုင်းပြည်၏ အလျှင်အမြန် တိုးတက်လာသော ဆောက်လုပ်ရေးနှင့် အဆောက်အအုံကဏ္ဍအတွက် အရည်အသွေးမြင့် အလွှာအုပ်စတီးများကို ပံ့ပိုးပေးခြင်းအားဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု၌ တစိတ်တစ်ပိုင်းအဖြစ် ပါဝင်ရမည်ကို ကျွန်ုပ်တို့ စိတ်လှုပ်ရှားနေမိပါသည်။

Meranti Singapore ဖွဲ့စည်းခဲ့ပြီး ဖြစ်နိုင်ချေလေ့လာမှုများကို စတင်ခဲ့သည်

၂၀၁၅ ခုနှစ်တွင် ရန်ကုန်မြို့သို့ အမှုဆောင်အရာရှိချုပ်ရောက်ရှိလာခြင်းက ကျွန်ုပ်တို့၏ မြန်မာနိုင်ငံခရီးစဉ်အစပင် ဖြစ်သည်။ စည်ကားနေသည့် မြို့တော်ကြီး၊ ကြင်နာပြီး နွေးထွေးသည့် မြို့တော်နေသူများ၊ ခိုင်မာသည့် သမိုင်းကြောင်းကိုယ်ပိုင်လက္ခဏာနှင့် အလားအလာကောင်းများရှိနေမှုကို သူကဦးစွာ သတိပြုမိခဲ့သည်။
သို့သော် ရာသီဥတုဒဏ်ခံထားရသည့် စက်ရုံ၊ ရုံးအဆောက်အအုံများနှင့် လူနေအဆောက်အအုံများက ထိုအလား အလာရှိမှုများနှင့် မလိုက်ဖက်သည်ကိုလည်း တွေ့ရှိခဲ့သည်။
ဈေးကွက်အတွင်း၌ပိုမိုကောင်းမွန်သည့် ဆောက်လုပ်ရေးပစ္စည်းများမရှိခြင်းက အကြောင်းရင်းတစ်ခု ဖြစ်နေသည်ကို သူ့အဖွဲ့နှင့်အတူ ဖော်ထုတ်သိရှိခဲ့သည်။ အရည်အသွေးနိမ့်ပစ္စည်းများသာ ရွေးချယ်စရာ ရှိခြင်းက မြန်မာပြည်သူတို့အတွက် မသင့်လျှော်သည်ကိုလည်း တွေ့ရှိခဲ့သည်။ သတ္တုအလွာအုပ်စတီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်းအား အဆင့်မြှင့်တင်ပေးရန် သူနှင့်သူ၏အဖွဲ့များက ရည်မှန်းချက် ချမှတ်ခဲ့ကြသည်။

လုပ်ငန်းဆောင်ရွက်မှု အစ

Meranti စတီးကို ၂၀၁၆ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့သည်။ ထောက်ပံမှုတစ်ကြိမ်လည်ပတ်ပြီး သောအခါ လုပ်ငန်းဆောင်ရွက်မှု စတင်ခဲ့ပါသည်။ သီလဝါ SEZ ကို အခြေပြုတည်နေရာအဖြစ်သတ်မှတ်ပြီး အဖွဲ့မှ ဈေးကွက်အနေအထားအသေးစိပ်ကို လေ့လာခဲ့ပါသည်။ Meranti စတီးမှ အလုပ်များကို လုပ်ငန်းအနေအထားနှင့် ကုန်ကျစရိတ်အနေအထားတို့နှင့်အတူ အစပြုခဲ့ခြင်းဖြစ်ပါသည်။ Meranti အဖွဲ့သည် လုပ်ငန်းများကို ပြည်တွင်းရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်စတင်ခဲ့သည်။

ဖက်စပ်လုပ်ငန်း

ကျွနု်ပ်တို့ ရည်မှန်းချက်ဆီသို့အရောက်သွားနိုင်ရန် ၂၀၁၇ ခုနှစ် အကုန်တွင် အမေရိကန် ဒေါ်လာ ၈၅ သန်းတန် စီမံကိန်း လက်မှတ်ရေးထိုးပွဲတစ်ခု ကျင်းပခဲ့မှုနှင့်အတူ ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ခဲ့ကြသည်။ ထိုဖက်စပ်လုပ်ငန်းက နိုင်ငံတကာအဆင့်မီ အလွှာအုပ်စတီးနှင့် သတ္တုအလွှာအုပ် စတီးပစ္စည်းများ ထုတ်လုပ်မည့်စက်ရုံကို ရန်ကုန်မြို့၊ သီလဝါအထူး စီးပွားရေးဇုန်၌ ဒီဇိုင်းထုတ်၊ တည်ဆောက်၊ လည်ပတ်ရေးအတွက် JFE Steel, Meranti Steel, JFE Shoji, Marubeni-Itochu Steel နှင့် HANWA တို့ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။

 

 

ရန်ကုန် ၈ မိုင်ရှိ ကျွန်ုပ်တို့၏ ရုံးခန်း

 

သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် စက်ရုံအား တည်ဆောက်နေစဉ်အတွင်း ရန်ကုန်မြို့တော်တွင်လည်း ကျွန်ုပ်တို့၏ ရုံးကိုဖွင့်လှစ်ထားသည်။ အဆိုပါရုံးမှာ မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်ရှိ 8 Mile Business Centre ၌ တည်ရှိ သည်။ ရန်ကုန်မြို့၏ မြောက်ဘက်ခြမ်းတွင် စက်မှုဇုန်အများအပြား တည်ရှိနေသည့်အတွက် ဝယ်ယူအားပေးသူများနှင့် နီးကပ်မည့် ထိုနေရာကို ကျွန်ုပ်တို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဝယ်ယူအားပေးသူများနှင့် နီးနီးကပ်ကပ် ရှိနေခြင်းအားဖြင့် ၎င်းတို့အား ပိုမို ထိထိရောက်ရောက် ဝန်ဆောင်ပေးနိုင်မည်ဖြစ်သလို ဝန်ဆောင်မှုများအား မြန်မြန် ဆန်ဆန် တုန့်ပြန်ပေးမည်ဆိုသည့် ကျွန်ုပ်တို့၏ ကတိကဝတ်ကို ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်၌ စက်ရုံစတင်တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားကျင်းပခဲ့သည်

၂၀၁၈ မတ်လ ၁ ရက်နေ့တွင် JFE Meranti Myanmar Co., Ltd (JMM) သည် ဆောက်လုပ်ရေးနှင့် အဆောက်အအုံကဏ္ဍအတွက်လိုအပ်သည့်  သတ္တုအလွှာအုပ်လိုင်း၊ ကြိုတင်ဆေးသုတ်ပြီး စတီးပြားလိပ်များ ကို ထုတ်လုပ်ရန် စက်ရုံကို သီလဝါအထူးစီးပွားရေးဇုံတွင် စတင်တည်ဆောက်ရန်ပန္နက်တင်အခမ်းအနားကို ဆင်နွှဲခဲ့သည်။ ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဂျပန်သံအမတ်ကြီး မစ္စတာ တာတရှီ ဟီဂူဂျီ၊ အစိုးရတာဝန်ရှိ လူကြီးမင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် ၂၅၀ ခန့်တတ်ရောက်ခဲ့သည်။

ဆေးအရောင်အုပ်လိုင်း စတင်လည်ပတ်မည်

ဆေးအလွှာအုပ်လိုင်းသည် အရည်အသွေးကောင်းမွန်သည့်ကာလာများဖြင့် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၉၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုထုတ်လုပ်ရေးလိုင်းအား နိုင်ငံတကာတွင် ရလဒ်ကောင်းများရထားသည့် ထိပ်တန်းအင်ဂျင်နီယာကုမ္ပဏီက ပံ့ပိုးပေးမည်ဖြစ်ကာ ISO အသိအမှတ်ပြုရရှိမည်ဖြစ်သည်။

သတ္တုအလွှာအုပ်လိုင်း စတင်လည်ပတ်မည်

သတ္တုအလွှာအုပ်လိုင်းသည် သွပ်နှင့် သွပ်အလူမီနီယံအလွှာအုပ်များကို နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုပြီး ထုတ်လုပ်နိုင်စွမ်းမှာ တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁၈၀,၀၀၀ ဖြစ်သည်။ ထိုထုတ်လုပ်ရေးလိုင်းအား နိုင်ငံတကာတွင် မှတ်တမ်းကောင်းများရထားသည့် ထိပ်တန်းအင်ဂျင်နီယာကုမ္ပဏီက ပံ့ပိုးပေးမည်ဖြစ်ကာ ISO လက်မှတ်ရရှိမည်ဖြစ်သည်။

Process &

Facilities

ကျွန်ုပ်တို့၏ ကမ္ဘာအဆင့်မှီ ထုတ်လုပ်ရေးစက်ရုံသည် ရန်ကုန်မြို့လယ်မှအရှေ့တောင်ဘက် ၂၃ ကီလိုမီတာအကွာတွင် တည်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိသည်။

Read More

စီမံအုပ်ချုပ်မှုအဖွဲ့

စီမံအုပ်ချုပ်မှုတွင် သတ္တုအလွှာအုပ်စတီးလောက၌ စုစုပေါင်းလုပ်ငန်းအတွေ့အကြုံ နှစ်၂၀၀ ခန့်ရှိသော နိုင်ငံတကာကျွမ်းကျင်သူများနှင့် အရင်း အမြစ်များကို ဖွဲ့စည်းထားသည်။ ကျွနု်ပ်တို့၏ ပညာရှင်အဖွဲ့သည် ကမ္ဘာ့အဆင်မှီ နည်းပညာဆိုင်ရာ ဗဟုသုတများနှင့် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများကို ပိုင်ဆိုင်ထားကြပြီး ဖန်တီးနိုင်စွမ်းနှင့် စိတ်ပြင်းပြမှုများ ကိုလည်း ပေါင်းစပ်ထားသည်။ ထုတ်လုပ်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ ရောင်းချခြင်း၊ ဈေးကွက်မြှင့်တင်ခြင်း၊ ဘဏ္ဍာရေးနှင့် နည်းဗျူဟာချမှတ်ခြင်းကဲ့သို့ အရေးပါသော လုပ်ငန်းစဉ်များနှင့် စည်းမျဉ်းဘောင် တစ်လျောက်လုံးတွင် ထိုအရာများအားလုံးကို သယ်ဆောင်သွားမည်ဖြစ်သည်။